SMILE WITH MYAT TAW WIN
အလှဆုံးအပြုံးတွေနဲ့အတူ တောက်ပတဲ့အနာဂတ်ဆီကို လျှောက်လှမ်းကြမယ်😊
မြတ်တော်ဝင်ဆေးရုံ(တောင်ကြီး)သည် လူမျိုးဘာသာမရွေးကလေးများအားလုံး အပြုံးပန်းများ ဝေဝေဆာဆာဖြင့် လှပတဲ့အနာဂတ်ကမ္ဘာကို ပိုင်ဆိုင်နိုင်ကြစေရန် ရည်ရွယ်ပြီး မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများအား အလုံးစုံ “အခမဲ့” ကုသိုလ်ဖြစ် ခွဲစိတ်ပေးမှုအစီအစဉ်ကို လစဉ်တိုင်း ပြုလုပ်ပေးလျက်ရှိပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ မှာတော့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများအား အခမဲ့ကုသပေးမှုအစီအစဥ်တွင် လူနာပေါင်း (25) ဦးတို့အား အောင်မြင်စွာဖြင့် ထပ်မံကုသပေးနိုင်ခဲ့ပါပြီ။