မြတ်တော်ဝင်ဆေးရုံ (တောင်ကြီး)သည် လူမျိုးဘာသာမရွေး ကလေးများအားလုံး အပြုံးပန်းများ ဝေဝေဆာဆာဖြင့် လှပတဲ့အနာဂတ်ကမ္ဘာကို ပိုင်ဆိုင်နိုင်ကြစေရန် ရည်ရွယ်ပြီး မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများအား အလုံးစုံ “အခမဲ့” ကုသိုလ်ဖြစ် ခွဲစိတ်ပေးမှုအစီအစဉ်ကို လစဉ်ပြုလုပ်ပေးလျက်ရှိပါတယ်။
ဒီတစ်ခေါက် June လမှာတော့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများအား အခမဲ့ကုသပေးမှုအစီအစဥ်တွင် လူနာပေါင်း (25) ဦးတို့အား အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် ယခုတစ်ခေါက်အစီအစဥ်တွင် မပါဝင်ခဲ့ရသူများကိုလည်း အနူးအညွတ်တောင်းပန်ရင်း နောက်ထပ်လာမယ့် အစီအစဥ်များတွင် ထပ်မံကုသပေးသွားရန်အတွက် ကြိုးစားပေးလျက်ရှိပါတယ်ရှင်။ 🙏
* ပြုံးပန်းဝေဆာ အနာဂတ်ကမ္ဘာ ဆီသို့ အလှဆုံးအပြုံးများဖြင့် လျှောက်လှမ်းကြပါစို့ *