Emergency Medical Service

တောင်ကြီးမြို့နှင့်တောင်ကြီးမြို့အနီးတဝိုက်ရှိ မိဘပြည်သူများအနေဖြင့် အရေးပေါ်အခြေအနေများ ကြုံတွေ့လာပါက အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုကို “မြတ်တော်ဝင်ဆေးရုံ”တွင် ရရှိနိုင်ပါပြီ။
အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုတွင်

  • ဖုန်းလက်ခံပြီး ချက်ခြင်းထွက်ခွါတာကြောင့် အချိန်တိုအတွင်းရောက်ရှိနိုင်ခြင်း
  • Medical Service ဝန်ဆောင်မှုပေးရာယာဉ်ပေါ်တွင် အရေးပေါ်အခြေအနေတိုင်းအတွက် ဆေးဝါးပစ္စည်းကိရိယာအစုံအလင်ပါဝင်ခြင်း
  • စနစ်တကျလေ့ကျင့်သင်ကြားထားသော အရေးပေါ်ဝန်ဆောင်မှုအဖွဲ့များ ဖွဲ့စည်းထားခြင်း
  • ကျွမ်းကျင်ဆရာဝန်များ၊ သူနာပြုများ၊ Paramedics များမှအချိန်နှင့်တပြေးညီ ကုသပေးနိုင်ခြင်း
  • အရေးပေါ်အခြေအနေအတွက် အဖွဲ့သားများအားလုံး အသက်ကယ်စောင့်ရှောက်မှုအတွက် လေ့ကျင့်သင်ကြားထားခြင်း

မြတ်တော်ဝင်ဆေးရုံသို့ရောက်ရှိသည့်အခါတွင်လည်း သက်ဆိုင်ရာဌာနများကို လွှဲပြောင်းပို့ဆောင်ပေးပြီး နောက်ဆုံးပေါ်နည်းပညာများဖြင့် အချိန်နှင့်တပြေးညီလိုအပ်သောကုသမှုများပေးနိုင်ခြင်းစတဲ့ ဝန်ဆောင်မှုတွေပေးသွားမှာဖြစ်တာကြောင့် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက စိတ်ပူစရာမလိုဘဲ ဖုန်းနံပါတ် 09885889955 ကိုတိုက်ရိုက်ဆက်သွယ်လိုက်ပါရှင်။