Mobile Clinic Activity

Date:
Category:
CSR

မြတ်တော်ဝင်ဆေးရုံ (တောင်ကြီး) မှ မိဘပြည်သူတို့၏ ကျန်းမာရေးအတွက် ရှေးရှုသောအားဖြင့် *ပရဟိတ လူထုကျန်းမာရေးစောင့်ရှောက်မှု အစီအစဥ်* ကို ၉.၇.၂၀၂၃ (တနင်္ဂနွေနေ့) ၌ ကျောက်တစ်လုံးကြီးမြို့နယ်၊ နောင်ကားကျေးရွာရှိ “နောင်ကားမြောက်ကျောင်း” ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်စီစဥ်ခဲ့ပါတယ်ရှင်။

ရဟန်း၊ သံဃာတော်များ နှင့်ကျေးရွာနေပြည်သူများအား အခမဲ့ကုသိုလ်ဖြစ် ဆေးကုသခြင်းများ၊ မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသော ကျန်းမာရေးဆိုင်ရာပြဿနာများအတွက် အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်ရှင်။ ခရီးစဉ်အတွင်း ပျော်ရွှင်တက်ကြွစွာ ဆောင်ရွက်ခဲ့သော မြတ်တော်ဝင်ဆေးရုံမှ ဝန်ထမ်းများ၏ ပုံရိပ်များကို မိဘပြည်သူတို့နဲ့အတူ

သာဓုခေါ်နိုင်စေဖို့ ပြန်လည်မျှဝေလိုက်ပါရစေရှင်။